စဉ့်ကိုင် မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးကုသမှုများကို ယနေ့နံနက်ပိုင်းက ရန်နိုင်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စဉ့်ကိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်၊ ကျန်းမာရေးဦးစီးမှူး ဒေါ်ယဉ်နွယ်မြင့်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ရန်နိုင်ရပ်ကွက်နေ ပြည်သူလူထုများအား ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာများ ရှင်းလင်းဟောပြောခဲ့ပြီး ပြည်သူ ၁၅ ဦးအား ဓါတ်ခွဲစစ်ဆေးကုသမှုများနှင့် အမျိုးသား ၂၀ ၊ အမျိုးသမီး ၅၉ ဦးအား အထွေထွေရောဂါရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စွာ (စဉ့်ကိုင်)