သရက်ချောင်းမြို့နယ်၌ ရာသီပေါ် ဒူးရင်းသီးများ ရောင်းချရာမှ ဈေးကောင်းရရှိ

သရက်ချောင်း မေ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် ယခုအချိန်အခါတွင် ရာသီပေါ်‌ဒေသထွက်ဒူးရင်းသီးပေါ်ချိန်ကာလဖြစ်၍ ဒူးရင်းသီးများရောင်းချကြရာ ယခင်နှစ်ထက်ဈေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူတောင်သူ ဒေါ်တင်နုထံမှသိရသည်။

သရက်ချောင်းမြို့နယ်၌ ယခုနှစ်တွင် ရာသီပေါ်ဒူးရင်းသီးများရောင်းချရာ၌ ယခင်နှစ်အထက် နောက်ကျမှထွက်ရှိသဖြင့် တောင်သူများအနေ​​ဖြင့် ရာသီပေါ်ဒူးရင်းသီးများရောင်းချရာ နောက်ကျသော်လည်း ဈေးကောင်းရရှိပြီး ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားအမျိုးမျိုးအလိုက် ကျပ် ၅၀၀၀ မှ ၃၀၀၀၀ အထိ ဈေးကောင်းရရှိကြောင်းသိရပြီး တောင်သူများအနေဖြင့် မြို့နယ်အတွင်းရှိ ဒူးရင်းသီအဝယ်ဒိုင်များနှင့် ထားဝယ်မြို့ရှိ ဒူးရင်းသီးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း  သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)