အမရပူရမြို့နယ်၌ ကေတီဗီနှင့် စင်တင်တေးဂီတဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့် စည်ကမ်းချက်များ ချပြရှင်းလင်း

အမရပူရ မေ ၇

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မေ ၆ ရက် မွန်းလွဲ ၂ နာရီက အမရပူရမြို့နယ်အတွင်းရှိ ကေတီဗီနှင့် စင်တင်တေးဂီတဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့်စည်ကမ်းချက်များ ချပြရှင်းလင်းခြင်းအခမ်းအနားကို ပြုလုပ်သည်။

အခမ်းအနားတွင်  မန္တလေးတိုင်းဒေသကြီး  ဗွီဒီယိုလုပ်ငန်းရှင်အဖွဲ့ဝင် ကေတီဗီနှင့် စင်တင်တေးဂီတဆိုင် လုပ်ငန်းရှင်များကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးစိုးဝင်းက လိုက်နာရမည့် စည်းကမ်းချက်များနှင့် လုပ်ဆောင်ရမည့်အချက်များလိုက်နာမှုမရှိက​ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ကေတီဗီနှင့် စင်တင်တေးဂီတဆိုင် လုပ်ငန်းရှင်များကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက ချမှတ်ထားသော မူဝါဒများနှင့်စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် ထပ်လောင်းပြောကြားသည်။

ယနေ့အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဗွီဒီယိုလုပ်ငန်းရှင်အဖွဲ့ဝင် ကေတီဗွီ(CDOK)နှင့် စင်တင်တေးဂီတဆိုင်လုပ်ငန်းရှင်များကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးစိုးဝင်း  ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ အမရပူရမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကေတီဗွီ(CDOK) နှင့် စင်တင်တေးဂီတဆိုင် လုပ်ငန်းရှင်များကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုးသီဟ(အမရ)