သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

သာစည် မေ ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်  ငှက်ဖျင်းကုန်းကျေးရွာအုပ်စု၊ ငှက်ဖျင်းကုန်းကျေးရွာတွင် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် မေ ၇ ရက်နံနက် ၈ နာရီက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ အဆိုပါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ကျေးရွာအုပ်စုလုပ်ငန်းအဖွဲ့၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာမြေငှားဂရန်များထုတ်ပေးခြင်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံစိတ်ချရမှုအတွက် အလွန်အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ မြေငှားဂရန်ထုတ်ပေးခြင်း၏ ရည်ရွယ်ချက်များ၊ မြေငှားဂရန်၏အဓိပ္ပာယ်၊ ဂရန်အမျိုးအစားများနှင့် သက်တမ်း၊ ဂရန်လျှောက်ထားနိုင်သည့် နေရာများ၊ ဂရန်ရှိခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနများက အမြန်ဆုံးထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ပြည်သူများကလည်း လိုအပ်သည်များကိုပူးပေါင်း ဆောင်ရွက်ပေးကြရန်မှာကြားသည်။ ဆက်လက်ပြီး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးသည်။ ထို့နောက် မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမြေငှားဂရန်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်/ပြန်ဆက်