မအူပင်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ

မအူပင် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ခြင်းကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်းမှ မြေစာရင်းဦးစီးဌာနဦးစီးမှူးနှင့် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးတို့အား ကဏ္ဍစီမံကိန်းများပေးအပ်ခဲ့သည်။ ယင်းနောက် မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအောင်ကျော်မင်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးစောသောင်းဒန် (တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်-FPTP)၊ ဒေါ်သူဇာသန်းမြင့် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-PR) တို့မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကျေးလက်လမ်းဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးတို့အား ဒေသဖွံ့ဖြိုးရေးစီမံကိန်းများပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)