မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူ့အတွက် ရက်(၁၀၀)စီမံချက် ကျွဲ၊ နွားလည်ချောင်းကွဲရောဂါကာကွယ်ဆေး လွိုင်ကော်မြို့တွင်း အခမဲ့ထိုးနှံပေး

လွိုင်ကော်      မေ    ၈

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်သူ့အတွက် ပထမရက်(၁၀၀) ကာလ စီမံချက်အဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာဌေးဇော်ဦး ဦးဆောင်သောအဖွဲ့က ဒေသတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(ခ) ရပ်ကွက်နှင့် ပန်ကန်းတိုးချဲ့ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒေါက်တာဌေးဇော်ဦးနှင့်အဖွဲ့သည် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်ရှိ ဒေသနွားမွေးမြူရေးခြံများသို့ သွားရောက်၍ ကျွဲနွား စုစုပေါင်း ၄၀၀ ကောင်ကို ကျွဲနွားလည်ချောင်းကွဲ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံသည်။

ဆက်လက်၍ ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးထောက်ပံ့ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပန်ကန်းတိုးချဲ့ရပ်ကွက်ရှိ ဥစားကြက်နှင့် အသားတိုးကြက် မွေးမြူရေးခြံများ၌ ဥစားကြက် ၂၅၀၀ ကောင်နှင့် အသားတိုးကြက် ၃၂၀၀ ကောင် စဉ်ဆက်မပြတ် ထည့်သွင်းမွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည့်အခက်အခဲများအား ကူညီဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မေစု(ပြန်/ဆက်)