လောင်းလုံး မေ ၈
တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအထိ ထားဝယ်မြို့နယ်(တွဲ)လောင်းလုံးမြို့နယ် ဦးစီးမှူးရုံး၌ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ရက်(၁၀၀) စီမံချက်သည် ပြည်သူများ၏ အခြေခံအခွင့်အရေးများ ရရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ ပြည်သူများ၏ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံမှ ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့် ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ပြည်သူများ (၄၄) ဦးတို့ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိဦးသန့်ရှင်းရွှေ ထံမှသိရသည်။
သိန်းသိန်း(လောင်းလုံး)