သာပေါင်း မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေး၌ မေလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်မီးဘေး ကြိုတင်ကာကွယ်ရေးကော်မတီမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးခင်ညွန့်၊ အင်ဂျင်နီယာဦးသက်ထူးအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးပြည့်ဖြိုးလှိုင်၊ ဈေးတာဝန်ခံဦးစိုးကို၊ ဈေးကော်မတီဥက္ကဋ္ဌ ဦးမြထွေးနှင့်အဖွဲ့တို့က မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)