ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ

ဘိုကလေး မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာဂုဏ်ရည် ခန်းမတွင် မေ ၆ ရက်နေ့ နေ့လယ်(၂)နာရီ အချိန်၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲများ ကျင်းပဆောင်ရွက်သည်။

လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲသို့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကလောင်ရှင် “အလင်းနတ်သမီး”၊ စုစုပေါင်း အင်အား(၃၀၀)ခန့်တက်ရောက်ပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူငယ်စကားဝိုင်းပြောကြားရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းဆွေးနွေး၍ ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူ(၄)ဦး၊ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကလောင်ရှင် “အလင်းနတ်သမီး” တို့နှင့် အတူ “လူငယ်နှင့် စာဖတ်ခြင်း၊လူငယ်နှင့် AIနည်းပညာ” ခေါင်းစဉ်များဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊  AIနည်းပညာ၏ သဘောသဘာဝများအား အကျယ်တဝင့်  အပြန်အလှန် ဆွေးနွေးခြင်းတို့ဆောင်ရွက်သည်။

ထို့နောက် စကားဝိုင်းတတ်ရောက်လာကြသည့် သင်တန်းသား/သူများကလည်း ဆွေးနွေးမှုများ အပေါ် သိလိုသည်များကိုဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်း၌ ပါဝင်ဆွေးနွေးကြသည့် သင်တန်းသား/သူ(၄)ဦးအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ စကားဝိုင်းအပြီး၌ ဟောပြောပွဲများ ဆက်လက်ကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က  စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ၊  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဖြိုးကျော်ကျော်က သဘာဝဘေးအန္တရာယ်များအကြောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)