ဖျာပုံမြို့၌၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲပြုလုပ်

ဖျာပုံ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ရာတွင် ဖျာပုံမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်‌ဖော်ရေးကော်မတီဥက္ကဋ္ဌ၊​မြို့နယ်အုပ်ချုပ်​ရေးမှူးဦးမောင်မောင်ဝင်းက"၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် (ဧပြီလမှမတ်လအထိ) ဒေသန္တရစီမံကိန်း ဥပဒေတွင်ပါဝင်သည့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကိုအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အမျိုးသားမျော်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေး၊ စားရိက္ခာဖူလုံရေးတို့အတွက် တစ်ဖက်တစ်လမ်းမှဆောင်ရွက်ရင်း
မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက်ထက် ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကိုအခြေခံ၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးနှင့် စပါးအထွက်နှုန်းတိုးတက်ပြီး ဆီဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဝိုင်းဝန်းကူညီကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး
ဖျာပုံမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်‌ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်ခိုင်မမစိုးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနဆိုင်ရာမျာအနေဖြင့် ကြိုစားဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းတာဝန်များပေးအပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ခင်ဝေ ဖျာပုံမြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်‌ဖော်ရေးကော်မတီဥက္ကဋ္ဌ၊​ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံသို့ စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)ူ