ကြံခင်းမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း ကာကွယ်ဆေးထိုးနှံပေး

ကြံခင်း မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် မေ ၆ ရက်နေ့နံနက်ပိုင်းက ကျွဲ၊ နွားများတွင် အဖြစ်များတတ်သော လည်ချောင်းကွဲ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျောက်မှော်ကုန်းကျေးရွာ ဝက်ခြံများ၌ ခြဖျန်းဆေးဖျန်းခြင်းကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကို ဦးဆောင်သော ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ကွင်းဆင်းဆောင်ရွက်ကြသည်။

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ထန်းတပင်ကျေးရွာ နွားမွေးမြူသူ တောင်သူ ၆၉ ဦး မွေးမြူထားသည့် နွားကောင်ရေ ၁၂၈ ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း၊ နို့စားနွားများ မွေးမြူခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များအား အသိပညာပေးဆွေးနွေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ကျေးရွာနေပြည်သူများ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)