ပုသိမ်ကြီးမြို့နယ်၌  ကေတီဗွီ(CDOK) လုပ်ငန်းရှင်များ အနေဖြင့် လိုက်နာရမည့် စည်ကမ်းချက်များ ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်

ပုသိမ်ကြီး မေ ၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ကေတီဗွီ(CDOK)ဆိုင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်ကမ်းချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် လုပ်ငန်းရှင်များက မိတ်ဆက် စကားပြောကြားခဲ့ပြီး ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌နေလင်းထွန်းက လိုက်နာရမည့် စည်းကမ်းချက်များနှင့် လိုက်နာလုပ်ဆောင်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြီးကြပ်‌ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများမှ မီးဘေးလုံခြုံရေးဆိုင်ရာများ၊ လျှပ်စစ်မီး အသုံးပြုခြင်းဆိုင်ရာများ၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည့် အခြေအနေများကို ဌာနအလိုက် အသီးသီးရှင်းလင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

အခမ်းအနားသို့  ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦး‌နေလင်းထွန်း၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ ကြီးကြပ်အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေဝတီ (ပုသိမ်ကြီး)