‎မဟာအောင်မြေမြို့နယ်၌ football for school ‎Programme အရ မြို့နယ်အတွင်း အားကစားနည်း (၅)မျိုးဖြင့် သင်တန်းဖွင့်လှစ်

မဟာအောင်မြေ မေ ၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ football for school Programme အရ မြို့နယ်အတွင်း အားကစားနည်း (၅)မျိုးဖြင့် မေ ၄ ရက်နေ့မှစ၍ သင်တန်းဖွင့်လှစ်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်အားကစားမှူးနှင့် သင်တန်းနည်းပြများဦးစီး၍ football for school Programme အရ မြို့နယ်အတွင်း အားကစားနည်း (၅)မျိုးဖြစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ရိုးရားလက်ဝှေ့၊ (Boxing) ကစားနည်းများဖြင့် အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ မည်သူမဆို (အခမဲ့)လာရောက် ကစားနိုင်ကြောင်းနှင့် သင်တန်းကာလကို မေ ၄ ရက်နေ့မှ မေ ၂၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း