ညောင်ဦး မေ ၈
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသူပြည် သူများ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးပြုပြင်ခြင်းကို မေ ၈ ရက်၊ နံနက် ၈ နာရီမှစတင်၍ ညောင်ဦးခရိုင်/မြို့နယ်လျှပ်စစ်ဝန်ထမ်းကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်မြင့်ဦးဆောင်ကာ ညောင်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ပြည့်ဖြိုး၊အငယ်တန်းအင်ဂျင်နီယာတို့ပါဝင်သော လျှပ်စစ်ဝန်ထမ်းများသည် ၆၆ ကေဗွီ မြင်ခြံ-ညောင်ဦးဓာတ်အားလိုင်းတစ်လျှောက် လိုက်လံစစ်ဆေးပြီး ညောင်ဦးမြို့နယ်အတွင်း မီးသုံးစွဲသူမိဘပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေပြီး ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး၊ဗို့အားပြည့်မီစွာ သုံးစွဲနိုင်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဒီပါလင်း