ဖယ်ခုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့

ဖယ်ခုံ   မေ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ယမန်နေ့ နံနက် ၁၁နာရှိခွဲက ဖယ်ခုံမြို့ မြို့နယ်ခန်းမ တွင် နေရပ်ပြန် ပြည်သူများအား ဆန်၊ ဆီ၊ ဆားစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်မှူးက ကျေးဇူးတင်စကားပြောကြားသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖယ်ခုံမြို့နှင့်မိုးဗြဲကျေးရွာနေ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ပေးသည့်ဆန်အိတ်(၁၈၀၀၀)၊ ဆီပိဿာ(၁၈၀၀)၊ ဆားပိဿာ(၁၈၀၀)  စုစုပေါင်း ငွေကျပ်တန်ဖိုးငွေကျပ် ၂၅၀၈ သိန်း ရှိကြောင်းသိရသည်။

မြို့နယ်၊ပြန်/ဆက်