မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် Talk Show ပြုလုပ်

မိုင်းရယ် မေ ၉

၂၀၂၆ခုနှစ် မေလ (၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လည်(၁)နာရီက မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။

အဆိုပါ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show တွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာနှင့် အငယ်တန်းစာရေး ဒေါ်စပယ်ဖူးတို့က ဆွေးနွေးရာတွင် ကမ္ဘာ့ကြက်ခြေနီနေ့သည် နှစ်ပေါင်း (၁၆၃)နှစ်တိုင်အောင်ရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားသည့် လူမှုအဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြုသည့်အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၉၀)ကျော်နှင့် အဖွဲ့ဝင်ပေါင်း ၁၇ သန်းခန့်ရှိပြီး လူမှုကရုဏာ လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ၁၉၇၇ ခုနှစ် (၂၃)ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့တွင် အမြင့်ဆုံးဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ စိုင်းအောင်လှိုင်မြင့်ကဲ့သို့ မျိုးဆက်သစ် ကြက်ခြေနီလူငယ်များပေါ်ထွန်းစေရန် လည်းကောင်းအသီးသီးဆွေးနွေးခဲ့ပါသည်။

မိုင်းရယ်ပြန်/ဆက်