လွိုင်ကော် မေ ၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဘက်စုံပိုးမွှားကာကွယ်နည်း (IPM) သင်တန်းကို ယမန်နေ့က လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
သင်တန်းတွင် လွိုင်ကော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အယ်ဗလင်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။ အဆိုပါသင်တန်းသို့ လွယ်ထွဲကျေးရွာ၊ ပဒါးညေးကျေးရွာ၊ စံပြ (၄) မိုင်ကျေးရွာနှင့် ဒေါမူကလားကျေးရွာများမှ တောင်သူ ၁၀၀ တက်ရောက်ခဲ့ကြောင်းသိရသည်။
မေစု(ပြန်/ဆက်)