မိုးကောင်း မေ ၉
မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အသင်းခွဲမှအသိပညာပေးစာစောင်ဖြန့်ဝေပြီး ပေါက်ကွဲစေတတ်သောပစ္စည်းများသတိပြုရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို အ.ထ.က(၁)ရှေ့ မီးသတ်ဦးစီးဌာနအနီးတွင် ပြုလုပ်သည်။
မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်မြင့်မြင့်တင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဆွေမာသင်းတို့မှဦးဆောင်၍ အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးလှုပ်ရှားမှုအဖြစ် အသိပညာစာစောင်ဝေခြင်း campaign အစီအစဉ်၊ မေးခွန်းမေးခြင်းလက်ဆောင်ကမ်းခြင်းအစီစဉ်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများသတိပြုရန် ဆိုင်းဘုတ်စိုက်ထူခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)