ဟားခါး သြဂုတ် ၅
ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဆက်လက်၍ နှစ်စဉ်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရေးတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဌာနအတွင်း ဝန်ထမ်း သားသမီးများ အား ပညာသင်စရိတ်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ အတန်းပညာ အဆင့်အလိုက် တက်ရောက်နေသည့် ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူလေးများမှ လက်ခံခဲ့ကြသည်။
ထိုနောက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဝန်ထမ်းသားသမီးများတွင် မဟာနှင့် အဆင့်မြင့်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ(၁၃)ဦး၊ အထက်တန်းအဆင့် (၂၂)ဦး၊ အလယ်တန်းအဆင့်(၁၈)ဦးနှင့် မူလတန်းအဆင့်(၆၁)ဦးရှိပြီး မဟာနှင့် အဆင့်မြင့်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားတစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်း၊ အထက်တန်းအဆင့် ငွေကျပ်လေးသောင်းနှုန်း၊ အလယ်တန်းအဆင့် ငွေကျပ်သုံးသောင်းနှုန်းနှင့် မူလတန်းအဆင့် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၁၄)ဦးအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၃၂သိန်း ၉သောင်းကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)