ကျောက်ဆည်မြို့နယ်  သင်တောင်းကျေးရွာ၌ ကျန်းမာရေးအသိပညာပေးဟောပြော၊ ကာကွယ်ဆေးတိုက်ကျွေး၊ ရေတွင်းရေကန်များအား အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ကျောက်ဆည် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း နှင့် ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နှင်းယုသင်းနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျန်းမာ‌ရေးဌာနမှ ကျန်းမာ‌‌ရေးမှူးအဆင့်၂၊‌ ဒေါ်အမာကြည်နှင့် ကျေးလက်ကျန်းမာရေးဆရာမများ ပူးပေါင်း၍ သင်တောင်းကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာနေပြည်သူများ အသုံးပြုလျက်ရှိသော ရေတွင်းရေကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)