မြစ်သားမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင်   ပညာရေးအခွင့်အလမ်းများအား  ရှင်းလင်းအသိပညာပေး

မြစ်သား မေ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းကျောင်း  Grade-9  အောင်မြင်သော ကျောင်းသား၊ကျောင်းသူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက်ပညာသင်ကြား နိုင်ရန်အတွက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူနှင့် ကျောင်းသားမိဘများ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို မေ  ၇ ရက် နံနက် ၁၀ နာရီ က ရွာခိုင်ကြီးကျေးရွာနှင့်သပြေတောင်းကျေးရွာများ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနေလွင်ထူးနှင့် ဝန်ထမ်းများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များဆက်လက်ပညာသင်ကြားနိုင်ရေးတွေ့ဆုံရှင်းလင်းရခြင်း ရည်ရွယ်ချက်များဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးမွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ပြန့်ပွားစေပြီးနိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်သော ကျောင်းသား၊ ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့်ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးကျွမ်းကျင်လုပ်သားများ (Skilled Workers) ပြုစုပျိုး ထောင်ပေးရန် စသည့်ရည်ရွယ်ချက်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆောင်ရွက်မည့်အစီအစဉ်များ၊ ကျောင်းသား၊ ကျောင်သူခေါ်ယူမည့်အစီအစဉ်များ၊ သက်မှတ်အရည်အချင်းများ၊ ပေးအပ်မည့်အောင်လက်မှတ်များအကြောင်း၊ စာသင်နှစ်အလိုက်သင်ကြား ပို့ချမည့်ဘာသာရပ်နှင့်စာသင်ချိန်များ၊ အထက်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်နိုင်မည့်အခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကသိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)