စဉ့်ကိုင် မေ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ မေလ ၉ ရက်နေ့ နံနက် ၈နာရီက ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအိမ်ထောင်စုဇယားနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြို့နှင့် ဝန်ထမ်းများက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုဇယားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်မှုအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)