လားရှိုး မေ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အထိမ်းအမှတ် အငြိမ်းစားသူနာပြုနှင့်သားဖွား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို မေ ၈ ရက်က လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်-စီမံ ဒေါ်နန်းခမ်းနွမ်းယုနှင့် ဆရာမများ၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ သင်တန်းသားသင်တန်းသူများက အငြိမ်းစားသူနာပြုနှင့်သားဖွားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့သည်။
ထို့နောက် လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်-စီမံနှင့် တာဝန်ရှိသူများက အငြိမ်းစားသူနာပြုနှင့်သားဖွား ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၄၀ တို့အား ကန်တော့ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ပြီး အငြိမ်းစားသူနာပြုနှင့်သားဖွား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာမကြီးတစ်ဦးက ဆုတောင်းမေတ္တာပို့သစကားပြောကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)