မိုင်းယန်းမြို့နယ်၌ မိုးစပါးစံပြကွက်စိုက်ပျိုးသူ တောင်သူများအား မိုးစပါးမျိုးစေ့ ဆင်းဧကရီ-၃ စပါးမျိုးများ ထောက်ပံ့ပေးအပ်

မိုင်းယန်း မေ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးစပါးစံပြကွက် စိုက်ပျိုးသူ ဒေသခံတောင်သူလယ်သမားများအား မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးတက် ရရှိစေရန်အတွက် မိုးစပါးမျိုးစေ့ ဆင်းဧကရီ-၃ စပါးမျိုးများထောက်ပံ့ပေးအပ်ခြင်းကို မေ ၉ ရက် နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍  မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်က မိုင်းယန်းမြို့နယ်အတွင်း မိုးစပါးစံပြကွက်စိုက်တောင်သူများအတွက် မိုးစပါးမျိုးစေ့များ ထောက်ပံ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မိုင်းလွေကျေးရွာအုပ်စု မိုးစပါးစံပြကွက်စိုက်ပျိုးသူ တောင်သူ (၁၃) ဦးတို့အား ဆင်းဧကရီ-၃ စပါးမျိုးစေ့များကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး