ဘိုကလေးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်

ဘိုကလေး မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက် (၉) နာရီအချိန်၌ လွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်းဖွင့်ပွဲကျင်းပသည်။

ရုံးခန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးနှင့် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသူများ အားလုံးစုပေါင်းကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မိုးစက်