ပြင်ဦးလွင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံကရာတေးအသင်း (JAPAN KARATE ASSOCIATION - JKA)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်နိုင်ငံကရာတေးအသင်း နည်းစနစ်ဆိုင်ရာဆွေးနွေးပွဲ (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း ၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကရာတေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်က JAPAN KARATE ASSOCIATION (JKA) Technical Seminar Pyin Oo Lwin(၁/၂၀၂၆) ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ယခင်အပတ်စဉ်မှ Dan စာမေးပွဲဖြေဆိုအောင်မြင်သူများကို ဆရာ Taniyama က Dan Certificate များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကရာတေးအဖွဲ့များက သရုပ်ပြသခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင် ပြန်/ဆက်)