မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်ကြီးနား မေ ၉

မူးယစ်ကင်းစင်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ မူးယစ်‌ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့် အမှာစကားပြောကြားပြီး စာရေးဆရာ လင်းဇော်ဦးက "မင်္ဂလာပါမြစ်ကြီးနား" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ်(၂) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ဒုတိယရဲမှူးဇော်မျိုးနိုင်နှင့် ဗိုလ်ကြီး ဇော်လင်းအောင်တို့က မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)