ခန္တီး မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက်ကာလအတွင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးစီမံချက် လူထုတွေ့ဆုံပွဲကို ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်း၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုတို့က ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဂရန်ထုတ်ပေးနိုင်သည့် မြေအမျိုးအစားများ၊ ကျေးရွာမြေငှားဂရန်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ စသည်တို့ကို ကဏ္ဍအသီးသီးအလိုက် အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးမြတ်ကိုက လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက ကျေးရွာမြေငှားဂရန်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ဆိုပါတွေ့ဆုံပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ(၂၀၀)ဦး တက်ရောက်ခဲ့ပြီး ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် အိမ်ထောင်စု(၂၅၂)အိမ်ထောင်စုအတွက် ကျေးရွာမြေငှားဂရန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)