ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျောင်းသားလူငယ်များ အစားအသောက်နှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းဝေးစေရန် ကျောင်းမုန့်စျေးတန်းအား တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာရးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ဖွယ်ရာများကို စားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် အ.ထ.က (ရွှေသောင်ယံ) ကျောင်းသို့ သွားရောက်ကာကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုများအားကြည့်ရှုအားပေး

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်၍ စာဖတ်ရှုသူပိုမိုများပြားလာစေရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးခင်မောင်ကြည်နှင့် တာ၀န်ရှိသူများမှ ယမန်နေ့ နေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းမ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အမှတ် (၃) ပေါ့မိုင်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး အသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး ဘုရားဖူးပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ဈေးဆိုင်ရောင်းချသူများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါစေတီတော်အတွင်းရှိ မူလ (ဓမ္မာရုံ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌  ရက် (၁၀၀) စီမံချက်အတွင်း ကျောင်းကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care) ပဏာမ မျက်စိကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော (Primary Eye Care) ပဏာမမျက်စိစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်းခွဲ မြို့မကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ခုနှစ် ‌ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ယနေ့နံနက်၁၁နာရီက ဆင်လမ်း၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေသည်။

တောင်တွင်းကြီးမြို့ မထီ(စံပြ)ကျေးရွာ၌ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ဇွန်လ ၁၃ ရက် ​နေ့လယ်ပိုင်းက မထီ(စံပြ)ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

မြစ်ကြီးနားမြို့သို့ နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ ပေးပို့လာသည့် မော်တော်ယာဉ်များ တတိယအကြိမ် ထပ်မံရောက်ရှိ

မန္တလေး-ထီးချိုင့်-ကသာ-မိုးညှင်း-မြစ်ကြီးနားဆက်သွယ်‌ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့်ပေးပို့ခဲ့သည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တတိယအကြိမ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိလာခဲ့ရာ မြို့ဝင်မုဒ်ဦး၌ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ အိုးစည် ဒိုးပတ်များဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ