တန့်ယန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လက်သမားသင်တန်းအား ခိုယောင်းကျေးရွာ၌ ဖွင့်လှစ်ပေး

တန့်ယန်း မေ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက် မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လက်သမားသင်တန်းကို ခိုယောင်းကျေးရွာ၌ ဖွင့်လှစ်ပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လက်သမားသင်တန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ လက်သမား နည်းပြဆရာတို့က သင်ကြားပေးနေလျက်ရှိပြီး သင်တန်းသို့ ခိုယောင်းကျေးရွာမှ သင်တန်းသား (၂၀) ဦး တက်ရောက်ကြ၍ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်သည့်အတွက် များစွာအကျိုးရှိကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)