ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး စာရင်းကောက်ယူဆောင်ရွက်ရန် အသိပညာပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၁၁

ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သက်ကြီးရွယ်အိုသက်သေခံကတ်ပြားထုတ်ပေးနိုင်ရေး စာရင်းကောက်ယူဆောင်ရွက်ရန် အသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့က ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး‌ဇော်လွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္ဒာအေးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား လူမှုရေးပင်စင်ထောက်ပံ့မှုအသိပညာပေးခြင်းနှင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြားထုတ်ပေးနိုင်ရေး စာရင်းကောက်ယူဆောင်ရွက်ရန် အသိပညာပေးအခမ်းအနား ကျင်းပဆောင်ရွက်ရခြင်းစပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြား သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္ဒာအေးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သက်ကြီးရွယ်အိုသက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေးစာရင်းကောက်ယူခြင်းစပ်လျဥ်း၍ အသက်အုပ်စုအလိုက်စာရင်းကောက်ယူခြင်း၊ စာရင်းကောက်ယူရန်သတ်မှတ်ချက်များ၊ သက်ကြီးရွယ်အိုများ အသက်အပိုင်းအခြားအလိုက် စာရင်း (ပုံစံ-၁)၊ သက်သေခံကတ်ပြား နမူနာ(ပုံစံ)စသည့်အကြောင်းအရာများကိုလည်းကောင်း၊ ဦးစီးမှူး ဦးလွန်ထန်ဖွေးက လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဥ်ဆောင်ရွက်ခြင်းနှင့်စပ်လျဥ်း၍ အကျယ်တဝင့်အသိပညာပေးပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)