ဝိုင်းမော်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု(၅၀)စုအား အထောက်အကူပြုစေရန် ငွေကျပ်(၁၅)သိန်း ထောက်ပံ့လှူဒါန်း

ဝိုင်းမော် ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ SPIC/ACHC ကုမ္ပဏီမှ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာ၌ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး ခက်ခဲသော အိမ်ထောင်စု(၅၀)စုအား စားဝတ်နေရေးအဆင်ပြေ စေရန် ငွေကျပ်(၁၅)သိန်းထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်၉နာရီခွဲက နောင်ချိန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ နောင်ချိန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးဟောင်းခေါင်မှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး SPIC/ACHC ကုပ္မဏီ၊ ကချင်ပြည်နယ်တာဝန်ခံဒေါ်ယဉ်ယဉ်မှကိုဗစ်- ၁၉ ရောဂါကာလ အတွင်း ရှာဖွေစားသောက်ရန်ခက်ခဲသည့် အိမ်ထောင်စု(၅၀)စုအား ကုမ္ပဏီမှငွေကျပ်(၁၅)သိန်း ဒေသခံပြည်သူများထံသို့ တစ်ဦးချင်းလာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် SPIC/ ACHC ကုမ္ပဏီ ကချင်ပြည်နယ်တာဝန်ခံဒေါ်ယဉ်ယဉ်နှင့် တာဝန်ရှိသူများ၊ နောင်ချိန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများ အမှန်တကယ် စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများတက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက် များနှင့် အညီ အင်အား(၂၀)ကျော် တက်ရောက်သည်။

ခိုင်သက်မွန်