ဇမ္ဗူသီရိ မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းတွင် ယနေ့နံနက်ပိုင်းက နေပြည်တော် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ အရာရှိများနှင့် ဘာသာရပ်ဆိုင်ရာနည်းပြများ၊ ဈေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား(၁၃၉)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် နေပြည်တော် ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ ကျွမ်းကျင်ပြီး အရည်အသွေး တိုးတက်ပြည့်ဝစေရေး၊ ခေတ်မီမီးသတ်ပစ္စည်းကိရိယာများ ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး (၁၁-၅-၂၀၂၆)ရက်နေ့မှ (၅-၆-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)