မိုင်းရယ်မြိုနယ်ရုံးတွင် ရက်(၁၀၀)စီမံချက်ဖြင့် နားခိုကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

မိုင်းရယ် မေ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အစိုးသစ် ရက် (၁၀၀) စီမံချက်ဖြင့် နားခိုကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းမှစ၍ အဆိုပါ မြိုနယ်ရုံးတွင် ဆောင်ရွက်ပေးသည်။

ထိုသို ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူရနှင့်တာဝန်ရှိသူများ၊ မိုင်းရယ်မြိုနယ် ဦးစီးမှူး ဦးသန်းထွန်းအောင်တို ဦးစီးသည့်ဝန်ထမ်းများက နားခိုကျေးရွာအုပ်စုရှိ ပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်း ပျက်စီး၊ ပျောက်ဆုံး၊ မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်ဆောင်ရွက်လိုသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ ပျက်စီး၊ ပျောက်ဆုံးသူများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်ပြည့် ၁၂ ဦး၊ အသက်(၁၈)နှစ်ပြည့် ၄ ဦး၊ လဲလှယ် ၈ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက်လည်းကောင်း၊ အိမ်ထောင်စုလူဦး‌ရေစာရင်း မိတ္တူ ၃ စု၊ အိမ်ထောင်စုခွဲ ၂ စုနှင့် ပြောင်းထွက် အိမ်ထောင်စု ၁ စုတို့ကိုလည်း‌ကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်