တန့်ယန်း မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခိုယောင်းကျေးရွာအုပ်စု ဟာပွတ်ကျေးရွာ၌ ကျင်းပသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပန်းရံသင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းတို့က သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသား စုစုပေါင်း (၂၀) ဦး တက်ရောက်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)