နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇမ္ဗူသီရိမြို့နယ်၌ ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်

ဇမ္ဗူသီရိ မေ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတွင် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဖိတ်ကြားထားသော ဌာနဆိုင်ရာအရာရှိများနှင့် ဘာသာရပ်ဆိုင်ရာ နည်းပြများ၊  ဈေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား ၁၃၉ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နေပြည်တော် ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ် ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကျွမ်းကျင်ပြီး အရည်အသွေးတိုးတက်ပြည့်ဝစေရေး၊ ခေတ်မီမီးသတ်ပစ္စည်းကိရိယာများ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေ ၁၁ မှ ဇွန်၅ အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)