ပင်လောင်း မေ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းအရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများအား ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအေးလှိုင်နှင့်ဝန်ထမ်းများက ရပ်ကွက်နှစ်ရပ်ကွက်နှင့် ကျေးရွာလေးရွာအတွင်းရှိ ကျွဲနွား လည်ချောင်းကွဲကာကွယ်ဆေး (၂၅၀)ကောင်၊ ကျွဲနွား ပေါင်းပုပ်လက်ပုပ်ကာကွယ်ဆေး(၂၅၀)ကောင်၊ ဝက်ဝမ်းကျရောဂါကာကွယ်ဆေး (၁၀၀)ကောင်အား မေလ ဒုတိယပတ်ထိ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပင်လောင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်လုပ်ငန်းအရ ကျွဲနွား လည်ချောင်းကွဲကာကွယ်ဆေး (၁၀၀၀)ကောင်၊ ကျွဲနွား ပေါင်းပုပ် လက်ပုပ်ကာကွယ်ဆေး (၁၀၀၀)ကောင်အား ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်