မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

မိုင်းယောင်း မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဗလမင်းထင်ခန်းမ၌ ရက် ၁၀၀ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တက်ရောက်သည်။

ထို့နောက် မြို့နယ်ထွေ/အုပ်ရုံး၌ ဝမ်ဘိုးအုပ်စု၊ ဝမ်ဘိုးကျေးရွာတွင် Robusta ကော်ဖီစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး ဗလမင်းထင်ခန်းမ၌ မြို့နယ်ထွေ/အုပ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများဖြစ်သည့် မြို့နယ်နိမိတ်ပြင်ပနေသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်နေသည့် သားသမီးနှင့်နာတာရှည်မိဘများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း