ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ရဝမ်ယဉ်ကျေးမှုပြတိုက်အားကြည့်ရှုလေ့လာ၊ မချမ်းဘောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲတက်ရောက်

ပူတာအို  မေ   ၁၂

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် ကချင်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသား လူမျိုးများရေးရာကော်မတီဥက္ကဋ္ဌ ဦးချန်းဂျောင်ဆားရ်၊ ဥပဒေကြမ်းရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြအုန်း၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခေါ်ဆာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေ စာရင်းဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးသီတာသိန်း၊လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မေ(၁၁)ရက်နံနက်ပိုင်းက ရဝမ်ယဉ်ကျေးမှု ပြတိုက်အားကြည့်ရှုလေ့လာပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတက်ရောက်သည်။

ဦးစွာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် ရဝမ်အမျိုးသားဉယျာဉ်ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်အား ကြည့်ရှုလေ့လာရာ မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ် ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ရဝမ်ယဉ်ကျေးမှု ပြတိုက်အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် ပြတိုက်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်၊ မြို့နယ်ရဝမ်စာပေ နှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဒခွမ်ဇိန်တို့၏ ဒုတ္ထန်ရပ်ကွက်နှင့် မူလာရှီးဒီရပ်ကွက်အတွင်း လမ်းဘေးဝဲ/ယာ ဆိုလာမီးတပ်ဆင်ပေးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများတူးဖော်ပေးရေးနှင့် ရဝမ်အမျိုးသားဉယျာဉ်ခြံဝင်းပတ်လမ်းအား ကွန်ကရစ်လမ်းခင်းပေးနိုင်ရေးအတွက်တင်ပြကြရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်ရေး မှာကြားသည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မွှန်းလွှဲပိုင်းတွင် မချမ်းဘောမြို့နယ် နမ်ခမ်းကျေး ရွာဘက်စုံသုံးခန်းမနှင့်ထရန်ဒမ်းကျေးရွာ နမ်ဆာရ်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တတိယအကြိမ် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို မတ်လ(၂၇)ရက်မှဧပြီ(၁၀)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ကချင်ပြည်နယ်လွှတ်တော်အနေဖြင့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ဥပဒေ(၄၃)ခုနှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ဥပဒေ(၂၇)ခုပြဌာန်းရေးဆွဲဆောင်ရွက်နိုင်ခဲ့ပြီး ယခု တတိယအကြိမ်လွှတ်တော်သက်တမ်းတွင် အကြမ်းအားဖြင့် ဥပဒေ(၄၇)ခုရေးဆွဲပြဌာန်းရန် ကျန်ရှိသည်ကိုတွေ့ရသဖြင့် ဥပဒေရေးဆွဲပြဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏အသံကို နားထောင်၍ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော်၏ ရေးရာကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ခြင်းနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားကြပြီး နမ်ခမ်ကျေးရွာနှင့် ထရန်ဒမ်းကျေးရွာများမှ ဒေသခံပြည်သူများက ဒေသအတွင်း လျှပ်စစ်မီးရရှိရေး၊ ကျေးရွာတွင်းလမ်း၊ တံတားနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်ရေးမှာကြားသည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံသည် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ပေးအပ်သော အထွက်တိုးမျိုးစပါး ဆင်းဧကရီ-  နမ်ခမ်ကျေးရွာအုပ်စုအတွက် တင်း(၁၀၀)နှင့်ထရန်ဒမ်း ကျေးရွာအုပ်စုအတွက် တင်း(၁၀၀)ကို ပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူသည်။

ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၏တင်ပြ ချက်အရ မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာ ရွာတွင်းလမ်း ()မိုင် ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းပေးနိုင်ရေးနှင့် ပူတာအိုမြို့နယ် ထဝါဒမ်းကျေးရွာနှင့် နမ်ဒင်ကျေးရွာ ရွာချင်းဆက်လမ်းပေါ်ရှိ တံတားတစ်စင်းအား ကွန်ကရစ်တံတား အဆင့်မြှင့်တင်ဆောက်လုပ်ပေးနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)