ဇမ္ဗူသီရိ မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရေး၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့်အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းအပြင် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)