ကျောက်မဲခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ကျောက်မဲ မေ ၁၂

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက ယခုနှစ်အတွက် ခရိုင်၏ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ်ဘီလီယံ ၄၉၉.၁၅၈ ရရှိရန်နှင့် တိုးတက်မှုနှုန်း ၃.၃ ရာခိုင်နှုန်း ဖြစ်ပေါ်စေရန် ရည်မှန်းထားကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း ၈၄ ခုကို အကောင်အထည်ဖော်မည်ဖြစ်ရာ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှု ကဏ္ဍကြီး ၃ ခုအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောက်မဲ၊ သီပေါ၊ နောင်ချို မြို့နယ်စီမံကိန်း ကော်မတီ ဥက္ကဋ္ဌများထံသို့ စီမံကိန်းရည်မှန်းချက်တာဝန်များကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)