သီပေါမြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များစတင်ထုတ်ချေးပေး

သီပေါ မေ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့နံနက်ပိုင်းတွင် စံဖိတ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၁)ဦးအားစပါး(၆၂)ဧက၊ ပြောင်း(၁၂)ဧက စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ ကျပ်(၂၁၆)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများမှ တောင်သူများအား နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်းနှင့် ပြောင်းတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အကျေပေးသွင်းပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ် မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်