ဇမ္ဗူသီရိ မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက မြို့မဈေး၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များအား သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများကို ဖြန့်ဝေပေးခြင်းဖြစ်ပြီးလက်ကမ်းစာစောင်တွင် "အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်၊ မီးကိုကြိုတင်ကာကွယ်မှုဖြင့်အနိုင်ယူပါ၊ ဆိုလာမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတ်ယာဥ်များ အမြန်ဆုံးလာရောက်ငြှိမ်းသတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးဖိုအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများ၊ မိသားစုအားလုံးအပြင်သွားလျှင်လိုက်နာဆောင်ရွက်ရမည့်အချက်များ" ပါဝင်ကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)