မြစ်ကြီးနားမြို့နယ်အတွင်း ရက်(၁၀၀) စီမံချက်ဖြင့် သစ်တောသစ်ပင် ထိန်းသိမ်း‌ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေးအသိပညာပေး

မြစ်ကြီးနား မေ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနက ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာ/ ရက်ကွက်များရှိ ဒေသခံပြည်သူများ သစ်‌တောသစ်ပင်များကို တန်ဖိုးထားမြတ်နိုးထိန်းသိမ်း တက်လာ‌ စေရေးအတွက် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်‌ရေး သိ‌ကောင်းစရာများနှင့် မီးခိုးမြူငွေ့ညစ်ညမ်း မှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၂ ရက် နံနက် ၁၁ နာရီခွဲက ပလန (၂) ကံကော်မြိုင်ကျေးရွာရှိ ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ထွန်းဦးက သစ်တောမြေပြင်ပတွင် စိုက်ပျိုးထားသော ကျွန်းနှင့်သစ်မာပင်များအား မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး၊ သစ်တောဥပဒေဆိုင်ရာ အကြောင်းအရာများနှင့် သစ်တောသပစ်များအား ဂရုစိုက်တန်ဖိုးထားမြတ်နိုး ထိန်းသိမ်းတက်လာစေရေးကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအုန်းကိုကိုဝင်းက Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေးဆိုင်ရာများကို လည်းကောင်း အသိပညာပေး‌ဆွေးနွေးဟောပြောခဲ့ကြရာ တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)