ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှရက် ၁၀၀ စီမံချက်ပါ ရေမြောင်းတူးဖော်နေမှုအခြေအနေအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက် ၁၀၀ စီမံချက်ပါ မြို့လယ်လမ်းမကြီးဘေးရေမြောင်းတူးဖော်နေမှုအခြေအနေအား မေ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသန်းစိုးလွင်၊ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက် ၁၀၀ စီမံချက်ပါ အမှတ် ၄ ရပ်ကွက်၊ မြို့လယ်လမ်းမှ မြို့အဝင်လမ်းမကြီးဘေးတစ်လျောက် အရှည် ပေ(၁၀၀၀)ရှိ ရေမြောင်းအား စက်အင်အားဖြင့်တူးဖာ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)