နောင်ချိုမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

နောင်ချို မေ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ခိုအုံအုပ်စုနှင့် ကြိမ်ဂနိုင်အုပ်စုအတွင်းရှိ စိုက်ပျိုးတောင်သူ ၄၀ ဦးအတွက် လယ်တစ်ဧကလျှင် ၃၀၀၀၀၀ ကျပ်နှင့် ယာတစ်ဧကလျှင် ၂၅၀၀၀၀ ကျပ် သက်မှတ်၍ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ငွေကျပ် ၆၃၂၅၀၀၀၀/- အား မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဝင်များမှ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် နောင်ချိုမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာအုပ်စု (၂၄) အုပ်စုအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၂၃၁၂၅၀၀၀၀၀/- ကျပ်အား ထုတ်ချေးပေးရန်လျာထားလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ် (ပြန်/ဆက်)