မန္တလေးခရိုင်အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်း

မန္တလေး  မေ ၁၃

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)က ကြီးမှူးကျင်းပသည့် မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပမည့် ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်း‌ဒေသကြီး၊ အလုပ်သမား‌ရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းထွန်းက ရက်(၁၀၀) စီမံချက် အစီအစဉ်ဖြင့် အလုပ်သမားဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့်ပတ်သက်၍ ဆွေးနွေးပို့ချသည်။ ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများက အလုပ်သမားဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်ခဲ့ပြီး တစ်ဦးချင်းစီအလိုက် တင်ပြဆွေးနွေးလာမှုအပေါ်  ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းထွန်းက ပြန်လည်ရှင်းလင်းသည်။

သင်တန်းဆင်းပွဲတွင် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ် သင်တန်းသား/သင်တန်းသူ ၄၀ အား အလုပ်သမားရေးရာဆက်ဆံ‌ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက  သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်ပြန်/ဆက်)