ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့မှ ရက်( ၁၀၀) စီမံချက်ဖြင့် ပိတ်ဆို့နေသော ရေမြောင်းများ တူးဖော်

ငွေဆောင်    မေ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့မှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့အတွင်းရှိ ပိတ်ဆို့နေသော ရေမြောင်းများအား တူးဖော် ရှင်းလင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးအောင်အောင်တို့၏ ကြီးကြပ်မှုဖြင့် မြို့စည်ပင်သာယာရေးဝန်ထမ်းများက မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ ပြည်သူများသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့် မြို့သန့် ရှင်းသာယာလှပစေရေးတို့အတွက် ငွေဆောင်မြို့ပေါ် ရပ်ကွက်များမှ ပင်မရေမြောင်းများအား ပြန်လည်တူးဖော်ပေးခြင်း၊ ခြုံနွယ်များ၊အမှိုက်များ ရှင်းလင်းဖယ်ရှား ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ကျော်လင်းဦး ( ပြန် / ဆက်)