ကော့သောင်း မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု မြို့စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများသည် ဘုရင့်နောင်ကုန်းမြေ သာယာလှပရေးနှင့်လုံခြုံမှုရှိစေရေးနှင့် ကော့သောင်းမြို့သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့သည် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ အမြဲမပြတ်သွားလာလည်ပတ်ရာ နယ်စပ်မြို့ဖြစ်သည့်အားလျှော်စွာ မြို့၏အထင်ကရနေရာတစ်ခုဖြစ်သည့် ဘုရင့်နောင်ကုန်းမြေတွင် သန့်ရှင်းသာယာလှပစေရေး သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ပင်၊ပန်းမန်များစိုက်ပျိုးခြင်း၊ အများပြည်သူစိတ်အေးချမ်းသာ၍ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်အဝင်တံခါးများပြုပြင်ခြင်း၊ စတီးတံခါးများတပ်ဆင်ခြင်းများဆောင်ရွက်ခဲ့ကြပြီး အများပြည်သူစိတ်အေးချမ်းသာယာမှုရှိစေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပရေးအတွက် သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)