ကန်ကြီးထောင့် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ AI နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများ စုစုပေါင်း (၃၀)ဦးတို့က တက်ရောက်ခဲ့ကြပြီး သင်တန်းဆရာ ဦးကျော်ဇင်စိုး(ပြန်/ဆက်)မှ AI နည်းပညာနှင့် ပတ်သက်၍ ဉာဏ်ရည် တု (AI) ဆိုတာ ဘာလဲ၊ Artificial Intelligence(AI)၏သမိုင်း၊ AI ၏ သင်ယူမှုလမ်းကြောင်းနှစ်ခုအကြောင်း၊ Generative Al ၏လုပ်ဆောင်ချက်၊ Al ၏ အဓိက အစိတ်အပိုင်းများ၊ စက်စနစ်သင်ယူမှု (ML) နှင့် နက်ရှိုင်းစွာ သင်ယူမှု (DL) အကြောင်း၊ AI အမျိုးအစားများ (ကျဉ်းမြောင်းသော AI၊ အထွေထွေ AI)၊ Al Tools နှင့် Chatbots များကို အသုံးပြုခြင်း၊ Al နှင့် ML တို့၏ အားသာချက်များနှင့် အားနည်းချက်များ၊ AI နှင့် ပတ်သက်သည့် Application များအသုံးပြုပုံအသုံးပြုနည်းများအား စာတွေ့၊လက်တွေ့သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)